Sunday, November 23, 2008

နယူတန်၏ တတိယနိယာမ

ပြုမူမှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်။

၎င်းသည် နယူတန် ဆိုခဲ့သော တတိယနိယာမ ဖြစ်သည်။

ယုံချင်ယုံ၊ လက်ခံချင် လက်ခံ၊ မလက်ခံ ချင်နေ။ ထိုစကားသည်ကား တကယ်ပင် အမှန်တရားတစ်ခုပင်ဖြစ်သည်။

သင်သည် သူတပါး၏ စိတ်ကို ဆင်းရဲ ငြိုးနွမ်းအောင် ပြုမူခဲ့လျှင် သင်သည်လည်း ထိုနည်းအတိုင်း ထပ်တူထပ်မျှ ခံစားရပေဦးမည်။ သူတပါးကို စိတ်ဆင်းရဲအောင် ပြုသူသည် ၄င်းလည်း ဆင်းရဲသည်။

ဥပမာ သင်သည် လူတစ်ယောက် ကို အလွန်းမုန်း၍ ထိုသူကို အရှက်ခွဲမည် ဆိုပါတော့။ မည်သို့ ခွဲရမည်ကို စဉ်းစားရုံမျှ နှင့် သင်သည် စိတ်ချမ်းသာမှုကို မရနိုင်တော့။ ဒါ့အပြင် ထိုသူကို ပြုမူမှု၏ တန်ပြန်အားကို လည်း သင်ပြန်ခံရပေမည်။

ယုံကြည်သူများ လက်ခံပါ။ မယုံလျှင် လက်မခံနှင့်။ လူတိုင်းလွတ်လပ်ခွင့်ရှိသည်။

ကျနော်တို့ အရွယ်လူငယ်များ အလွယ်တကူ မြင်နိုင်ရန် ကျနော် ပြောပြမည်။

ထုံးစံအတိုင်း အချစ်ပေါ့။

ချစ်သူနှစ်ယောက် သိပ်ချစ်သည်။ ချစ်နေဆဲမှာတော့ လျှို့ဝှက်ချက် ဖုံးကွယ်ချက်များ အာလုံးကို နှစ်ဦးသား ပြောပြလေ့ရှိသည်။ တချိန်ရောက်တော့ နှစ်ယောက်မှာ သဘောထားချင်းမတိုက်ဆိုင်တော့။ လူတို့၏ သဘောအရ အချစ်ကို မည်သည့် အခါမျှ မကိုးကွယ်ပါ။ ယုံမလားတော့မသိ။ အချစ်ကို ပါးစပ်ဖျားက တဖွဖွ ပြောနေသော်လည်း တကယ်တမ်းတော့ အချစ်ကို ရှေ့တန်းတင်၍ မိမိကို ဂရုစိုက်ခြင်း၊ မြတ်နိုးခြင်း၊ ဝေယျာဝစ္စလုပ်ပေးခြင်း စသည်တို့ကို သာတောင့်တနေမိသည်။

တကယ်တမ်း ထိုအရာများကို မ၇သောအခါထိုစုံတွဲသည် အမှန်ပင် စိတ်ချမ်းသာမှု မရအံ့။ ဟုတ်တယ်ဟုတ်။ တစ်ယောက် က အမြဲ အရွဲ့တိုက်သည်။ အနိုင်ယူသည်။ တစ်ယောက်ကလည်း မာနရှိသည်။ မဟုတ်လျှင်မခံချင်။ ရန်ဖြစ်သည်။ ကွဲသည်။ ဒါသည် တော်တော်များများ ကြုံဖူးကြမည်။ ဒါကို ကျနော်လက်ခံသည်။ လက်မခံလို့လည်း မရ။ မျက်စိရှေ့မှာပဲ ဖြစ်နေကြသည်ကိုး။

သို့သော် ကျနော် အခုပြောချင်သည်မှာ ထိုအရာမဟုတ်ပါ။ ၄င်းနောက် ဖြစ်လာမည့် ကိစ္စကို ပြောချင်ပါသည်။

ထိုစုံတွဲသည် ကွဲသွားသည်ဆိုသည်နှင့် တစ်ဦးကို တစ်ဦး အမျက်သိုမိပြီ။ အရင်က မောင် မလည်းမရှိတော့။ ကို ချစ်လည်း မရှိတော့။ ထိုသို့ ဖြစ်လာသည်နှင့် ကျနော် အကြံပေးချင်သည်မှာ တစ်ယောက်ကို တစ်ယောက် တကယ်ကိုမေ့လိုက်ပါ။ သူ့အကြောင်းကို လုံးဝ ထပ်မတွေးပါနှင့်တော့။ သူနှင့် ကံသည် ပြီးသွားပြီ။ ဟုတ်တယ်နော်။

ဒါပေမယ့် ကျနော် တွေ့နေရသည်က အဲလိုမဟုတ်ပါ။ တစ်ယောက်အကြောင်းတစ်ယောက် အတင်းနှပ်သည်။ တစ်ချို့တွေ ရင်ဖွင့်တာကို ကျနော် မဆိုလိုပါ။ အခုဟာက အတင်းနှပ်သည်။ လိုသာထက်ပိုပြီး မကောင်းပြောသည်။ နှစ်ဦးသား ချစ်စဉ်က လျှို့ဝှက်စကားများအားလုံး သူများကို ပြန်ပြောသည်။ ကျနော် ပြောချင်တာက အဲလို မလုပ်ပါနဲ့။ ဒါဟာလုပ်သင့်တဲ့အလုပ်မဟုတ်ပါဘူး။ ၀ဋ်ဆိုတာ ပြန်လည်မှာနော်။

နယူတန်၏ နိယာမအတိုင်း တန်ပြန်မှုကို ပြန်ခံရမှာ။ အသေအချာပဲ။ အခု အချိန်မှာ ကိုယ်က သူများ အသည်းကို ခွဲနီုင်တယ်ဆိုရင် မပူပါနဲ့ ကိုယ့်အသည်းကို ပြန်ခွဲမယ့်သူတွေ အများကြီးပဲ။ သူ့ဂုဏ်သိက္ခာကျအောင် ကဲ့ရဲ့ပြောဆိုနေမယ်ဆိုရင်လည်း ကိုယ့်ကို လည်း ပြန်ပြောမှာပဲ။

ပိုဆိုးတာက မျက်နှာများတဲ့သူတွေပါပဲ။ သူတို့က တပြိုင်တည်းမှာ ၂ ယောက်လောက်ရှိတယ်ပေါ့လေ။ ဟိုဘက်တစ်မျိုး ဒီဘက်တစ်မျိုးပြော။ သေချာတာက အဲလိုအချိန်မှာ ဘယ်သူ့ဘက်ကို မှ အမှန်ပြောတယ်ဆိုတာ မရှိနိုင်ဘူး။ အဲတာကို ပိုပြီးတော့ ရှောင်သ့င့်တယ်။ ဒါဟာ ငါးပါးသီလထဲက မုသာဝါဒကံကို ကျူးလွန်နေတာပဲ။

တကယ်တော့ လူရယ် သတ္တ၀ါရယ် ဖြစ်လာပြီဆိုရင် တဏှာကို မပယ်နိုင်ပါဘူး။ ချစ်ပါ။ လက်ထပ်ပါ။ အိမ်ထောင်ပြုပါ။ ဘ၀ကို အဓိပ္ပါယ်ရှိအောင် နေပါ။ သမာသမတ်ရှိပါ။ အရာရာကို မှန်မှန်ကန်ကန်လုပ်ပါ။ ချစ်တယ်ဆိုတာကို တားလို့မရပေမယ့် အပေါ်မှာပြောခဲ့သလိုပဲ အချစ်ပျက်သွားရင် အဲလိုကိစ္စတွေကို ရှောင်ပါ။

ချစ်ခြင်းမေတ္တာကို ရိုးရိုးလေးပဲ တည်ဆောက်ကြပါစို့ရယ်......... နော်



အင်းးးးးးးးးးး ....


အနိုင် အရှုံးတွေ မစဉ်းစားရင်တော့ အကောင်းဆုံးနေမှာပဲလေ .... နော် ....

No comments: