Saturday, November 22, 2008

BaBy Thinking..............



ပေါက်တတ်ကရ မှတ်သားဖွယ်

မိန်းမတွေသာ မရှိရင် ကမ္ဘာပေါ်မှာ ငွေဆိုတာ ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။

အိမ်ထောင်မကျခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတော့ မဟုတ်ဘူး။

အစဉ်သဖြင့် ကြာရှည်တည်တံ့နေတာဟာ ချစ်မေတ္တာ မမည်ဘူး၊
အဲဒါ...ပလပ်စတစ်ပဲ..။

လူမိုက်တွေသာ အိမ်ထောင်ပြုကြတာ...၊
လူယုတ်မာတွေကတော့ လူပျိုကြီးပဲ လုပ်ကြတယ်။

ယေကျာ်းတွေဟာ ငါးစိမ်းမြင် ငါးကင် ပစ်တတ်တဲ့ အမျိုးတဲ့...၊
အဲဒါ မှားတယ်...ငါးစိမ်းရော ငါးကင်ပါ ယူမယ့် အမျိုး။

ထိုင်ပြီးပျင်းနေမယ့် အစား အိပ်ပစ်လိုက်ပါ။

ကြီးကြီးကျယ်ကျယ် စီမံဆောင်ရွက်တဲ့ နေရာမှာ ကြွက်တွေနဲ့ လူတွေဟာ နင်လားငါလားပဲ။

လူမိုက်မျက်နှာကို မကြည့်ချင်ဘူး ဆိုရင်တော့ သင့်ကြည့်မှန်ုကို ရိုက်ခွဲပစ်လိုက်ပါတော့...။

အကောင်းဆုံး မိတ်ဆွေတွေတောင် တစ်ယောက် အသုဘ တစ်ယောက် လိုက်ပို့နိုင်ကြလို့လား။

ကြွက်ထောင်ချောက်တွေ ပေါ်လာပေမယ့်
ကြောင်တွေကတော့ ကြွက်ခုတ်နေတုန်းပဲ...။

တော်လှပါတယ် ဆိုတဲ့ လူတွေက နယူးကလီးယား လက်နက်ကို တီထွင်တယ်တဲ့ ၊ ဘယ်ကြွက်မှ ကြွက်ထောင်ချောက် ထွင်ဖို့ စိတ်မကူးဘူး။

What is Political

>ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
> မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
> ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊ ဖေဖေက ပိုက်ဆံရှာပြီး
> အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။ သားမေမေက ဒီပိုက်ဆံတွေကို
> စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။ ဒါ့ကြောင့် သားမေမေကို
> အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့်
> သားကို ပြည်သူလို့ခေါ်ရမယ်၊ သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊
> ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ "
> အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
> ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး)
> ပေကျံနေသည်ကို တွေ့ရသည်။ အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့
> အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို
> တွေ့လိုက်ရတယ်။ ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
> အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
> ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး အိပ်ခန်းသို့
> ပြန်သွားလေသည်။
> နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
> " ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
> " မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင်
> ရှင်းပြပါကွယ်"
> ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
> သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။
> " အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ တာပဲ၊
> ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "

အခြားတစ်ဖက်ခြမ်း

ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု၊ လက်လေးဘက်၊ ခြေလေးချောင်းရှိတဲ့ သတ္တ၀ါဖြစ်တယ်တဲ့ဗျ။
အဲသည်လူရဲ့ ခန္ဓာကိုယ်က မတ်မတ်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်းဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့ဗျာ။
လမ်းလျှောက်တဲ့အခါ လူဟာ မတ်မတ်လျှောက်ပေမယ့် ပြေးတဲ့အခါ လက်လေးဘက်ကို ထောက်ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။
အဲသည်လူဟာဗျာ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း ကြီးတယ်။ နတ်တွေနေတဲ့ နေရာတက်ပြီး ထိုးစစ်ဆင်ဖို့လည်း ကြိုးစားတယ်။
အဲသည်လိုဆိုတော့ .....
နတ်တွေရဲ့ အကြီးအမှူးဖြစ်တဲ့ ဇု (Zeus) နတ်မင်းကြီးနဲ့ တခြားနတ်ဒေ၀ါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။

ဒါနဲ့ နတ်သဘင် အစည်းအဝေးခေါ်ပြီး `လူ´ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လို အကြံပြုသလဲ ဆိုတော့ လူသတ္တ၀ါတွေကို နတ်လက်နက်နဲ့ ပစ်သတ်ဖြိုခွင်းမယ်လို့ အကြံပြုကြတယ်။ တချို့ကတော့လည်း ဟာ ... ဘယ်သတ်ပစ်လို့ ဖြစ်မှာလဲ။ လူတွေကို အကုန်သတ်မစ်လိုက်ရင် နတ်ဒေ၀ါ ကျုပ်တို့ကို ပူဇော်ပသမယ့်သူတွေ မရှိကြတော့တဲ့ အဖြစ်ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် အကုန်ပစ်သတ် ဖြိုခွင်းလို့တော့ မဖြစ်သေးဘူးလို့ဆိုတော့ ...
ဇု (Zeus) နတ်မင်းကြီးနဲ့တကွ နတ်တွေက အပြန်ပြန်အလှန်လှန် တိုင်ပင်ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးမှာ ဇုနတ်မင်းကြီးက ဘာပြောသလဲဆိုတော့ ...
နတ်အပေါင်းတို့ ငါတို့သည် လူသတ္တ၀ါတွေကို သတ်ဖို့မလို။ လူကိုအားနည်းအောင် ပြုလုပ်နိုင်လျှင် ငါတို့ကို အနှောင့်အယှက် ပေးနိုင်ကြမည်မဟုတ်။ လူကို အားနည်းသွားအောင် မည်သို့ ပြုလုပ်ရမည်နည်း ဆိုလျှင် ...
ခြေလေးချောင်း၊ မျက်နှာနှစ်ခု၊ လက်လေးဘက် ရှိနေသော လူ၏ ခန္ဓာကိုယ်ကို ထက်ခြမ်း ခွဲလိုက်ရန်သာ ဖြစ်သည်။
ထိုသို့ပြုလျှင် လူသတ္တ၀ါတွေလည်း မပျက်မစီးဖြစ်မည်။ ငါတို့လည်း အေးချမ်းမည်။ ထိုမျှသာမကသေး လူဦးရေလည်း တိုးလာနိုင်မည်ဖြစ်သောကြောင့် ငါတို့သည် ယခင်ကထက်ပင် ပို၍ အပူဇော်အပသကို ခံကြရလိမ့်မည်။
လူသတ္တ၀ါတို့သည် ယခင်က ခြေလေးချောင်းထောက်၍ လမ်းလျှောက်နိုင်လျှင် ယခုအခါတွင် ခြေနှစ်ချောင်းသာ ထောက်၍ လမ်းလျှောက်စေရမည်။
နတ်မင်းကြီး ဇု (Zeus) က အဲသည်လို ပြောဆို မိန့်မြွက်ပြီးတော့ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်တယ်။ ခွဲပစ်လိုက်တော့ လူဟာ အခုလို ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း မျက်နှာတစ်ခုနဲ့ လူဖြစ်လာတာ ...။
လူတွေကို ထက်ခြမ်းခွဲလိုက်တော့ လူတွေလည်း များသွားမှာပေါ့ဗျာ။
လူဟာ သူ့ဘ၀ သူ့ခန္ဓာကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို သိပ်တွေ့ချင်တယ်။ တွေ့ဖို့ သိပ်တောင့်တတယ်။ ဒါကြောင့် သူ့ကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို အမြဲလိုက်လံရှာဖွေနေတယ်။ ဟုတ်မှာပေါ့။ အခွဲခံလိုက်ရတဲ့ အခြမ်းကလည်း သူဆီက အခွဲခံရတဲ့ အခြမ်းကို ပြန်ပြီးတွေ့ချင်၊ ဆုံချင် မြင်ချင်မှာပေါ့။ သည်တော့ တစ်ဖက်က အခြမ်းကလည်း သူ့ဆီက အခွဲခံရတဲ့ အခြမ်းကို တွေ့အောင်ရှာနေမှာပါပဲ။ အမြဲရှာနေမှာပါပဲ။
ရှာလို့ တွေ့ကြတဲ့ အခါမှာ တစ်ခြမ်းက အခြားတစ်ခြမ်းကို မခွဲနိုင်မခွာရက် ပွေ့ဖက်ထားကြတယ်။ ဒါကို ချစ်ခြင်းမေတ္တာလို့ ဆိုရမလားပဲ။

`စိတ်တူကိုယ်တူ´ ဆိုတဲ့ စကားလုံးကို အားလုံး ကြားဖူးကြမှာပါ။ ဆွေမတော် မျိုးမဆက်ဘဲ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းဆက်နေကြတယ် ဆိုရင်ကော ယုံလို့ရနိုင်မလား။ ကိုယ်က ဒီလို တွေးနေတဲ့ အချိန်မှာ သူကလည်း ကိုယ့်လို လိုက်တွေးနေတယ် ဆိုတာကော ယုံတမ်းစကားများ ဖြစ်နေမလား။ ကိုယ်က ကြိုက်နှစ်သက်တဲ့ အရာဝတ္ထု အတော်များများဟာ တခြားလူတစ်ယောက်နဲ့ ဆင်တူနေတယ် ဆိုတာကော ဖြစ်နိုင်ပါ့မလား။ ကိုယ့်ရဲ့ စိတ်ဓါတ် တစ်စိတ်တစ်ဒေသဟာ သူနဲ့ အတော်လေး ဆင်နေတယ် ဆိုရင်ကော အံသြကြမလား။ တကယ်လို့ လူနှစ်ယောက်ဟာ အဲဒီလောက် အဆင်တူနေမယ်၊ အတွေးတူနေမယ်၊ အမြင်တူနေမယ်၊ ယုံကြည်ချက်တူနေမယ်၊ အကြိုက်တူနေမယ်၊ မျှော်လင့်ချက်တူနေမယ် ဆိုရင် သိပ္ပံပညာရပ်နဲ့ ဘယ်လို သက်သေပြမလဲ။ ဘယ်လို သက်သေပြမလဲလို့ စဉ်းစားမိတဲ့ အချိန်တိုင်းမှာ ကျနော် သတိရလိုက်တာ ခုနက ဂရိဒဏ္ဍာရီလေးပါ။ အကယ်၍ `သူမ´ ဟာ ကျနော်နဲ့ အဲဒီလို လာတူနေမယ်ဆိုရင် ကျနော် နားလည်လိုက်တာက အဲဒီ `သူမ´ ဟာ ကျနော့် `အခြားတစ်ဖက်ခြမ်း´ ပါ။ My other half ပေါ့။ မြန်မာလို ရိုးရိုးရှင်းရှင်း ပြောရရင် ပါရမီဖြည့်ဖက်ပေါ့။ လူသန်းပေါင်း ခြောက်ထောင်ကျော်ထဲက ခဲရခဲဆစ် ရှာတွေ့ခဲ့တဲ့ အဲဒီ `သူမ´ ကို ကျနော် တန်ဖိုးမထားဘဲ ဘယ်နေနိုင်မလဲဗျာ။

အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။ မိမိရဲ့ `အခြားတစ်ဖက်ခြမ်း´ နဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပါစေလို့ .........

ကျမတွေ့ကြုံခဲ့ဘူးသော ယောင်္ကျားများအကြောင်း

ယောင်္ကျား (၁) ဘောစေ့ကြွေသွားသော မှင်နီဘောလ်ပင်တချောင်းနှင့်တူသော ယောင်္ကျား

ကျမပထမဦးဆုံးပြောမည့် ထိုယောင်္ကျားသည် ကျမတသက်တာတွင် ပထမဦးဆုံးကြုံတွေ့ခဲ့ရသော သူစိမ်းယောင်္ကျားတစ်ဦး (သို့) ကျမ၏ အချစ်ဦးအကြောင်း ဖြစ်သည်။ သူသည် အတ္တကြီးသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှူလွန်ကဲသည့်အတွက် အမှန်နှင့်အမှား တပြိုင်နက်တည်းကြုံလာသောအခါ အတ္တစိတ်ဖြင့် ဆုံးဖြတ်တတ်သည်။ ချုပ်ချယ်သည်။ စိတ်ဆတ်သည်။ တော်ရုံနှင့်လဲ စိတ်မပြေပျောက်တတ်၊ သူနှင့်အတူ ရှိနေသည့်အခါ စိတ်ကျဉ်းကျပ်မှူကို အမြဲတစေ ခံစားခဲ့ရသော်လည်း မည်သည့်အခါမျှ ကျမ မငြိုငြင်တတ်ခဲ့။ သူ၏ သ၀န်တိုမှူများသည် သံသယမှ စတင်သည့်အခါ သ၀န်ကြောင်မှူ အဖြစ်သို့ ရောက်ရှိသွားတတ်သည်။ သူ၏ သ၀န်တိုမှူများနှင့် တိုင်းတာသော တားမြစ်မှူများကို ကျမက ဇွတ်ဖန်တီးသောအခါ၊ သူက ကျမကို စကားနားမထောင်တတ်သူ၊ ခေါင်းမာတတ်သူအဖြစ် ထင်မြင်တတ်သည်။ သူ၏သ၀န်တိုမှူများက ကျမကို ဘောင်ကျဉ်းစေလွန်းသည့်အခါ သူ့ကို အနိုင်ကျင့်သူ ကိုယ်ချင်းမစာတတ်သူတစ်ယောက်အဖြစ် ကျမက အပြစ်မြင်တတ်လေ့ ရှိသည်။ ဘ၀အခြေအနေအရ တမြို့ တနိုင်ငံဆီ ခွဲနေရသည့်အခါ သူ၏ စိတ်မချမှူများသည် အဆင့်ကျော် လွန်ကဲလာကာ သံသယကြီးမားစွာဖြင့် တစုံတယောက်က ကျမ၏နောက်တွင် အမြဲတစေ စောင့်ကြည့်ခံရတတ်သည်။ နောက်ဆုံးတွင် ကျမ၏အလုပ်အကိုင်၊ ကျမ၏ ပညာရေး စသည်ဖြင့် ကျမစွန့်လွှတ်ပေးခဲ့သော်လည်း ကျမပြန်ရခဲ့သည်မှာ ကြီးစွာသော အထင်လွဲမှူများနှင့် မည်သို့မျှ ဖြေရှင်းမရသော စွပ်စွဲချက်များပင် ဖြစ်သည်။ ထို့ကြောင့် သူ၏ သံသယများစွာနှင့် အထက်ပါအဖြစ်အပျက်တို့သည် ကျမ၏ ဘ၀ဖြူဖြူပေါ်တွင် စတင် အရောင်စွန်းထင်းခဲ့သော၊ ဘောစေ့ကြွေသွားသော မှင်နီဘောလ်ပင်တချောင်းနှင့် လျှောက်ခြစ်ခံရသလို အတော်ပင် မလှမပနိုင်ခဲ့လေသည်။

ယောင်္ကျား (၂) Correction Pen နှင့်တူသော ယောင်္ကျား

သူသည်ကား ကျမ၏ဘ၀တွင် မည်သို့မျှ ဖျက်မရသော အမည်းစက် ထင်ကျန်ရစ်စေသူ (၀ါ) ကျမ၏ လင်ယောင်္ကျားဖြစ်သည်။ အိမ်ထောင်ရေးအဆင်မပြေမှူများကို မိန်းမတယောက်၏ ညံ့ဖျင်းမှူအဖြစ် ကျမခံယူ ရသော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှူတစ်ခု (သို့) လှူမှူရေးစည်း၊ မိသားစုစည်းများအား မစောင့်စည်းနိုင်သော သူ့ကို ကျမ မည်သို့မျှ အထင်ကြီးမရတော့သည့်နောက်ပိုင်း သူနှင့်ကျမ၏ လက်တွဲမှူသည် ကြာရှည်မမြဲခဲ့ပေ။ အိမ်ထောင်တခုအား ငွေကြေးအားဖြင့်လည်း မတည်ဆောက်နိုင်၊ ချစ်ခြင်းမေတ္တာအားဖြင့်လည်း ပေးရ ယူရကောင်းမှန်းမသိသော ထိုလူနှင့် ကျမ၏ ပတ်သက်မှူသည် အမှားတစ်ခုကို Correction Pen ဖြင့် မည်မျှပင် သပ်ရပ်အောင်ဖျက်စေကာမူ အမှားရာသည် ရှိမြဲရှိနေမည်ဖြစ်သည်။ သူ့ကို ကျမဘ၀ထဲက မည်သို့ပင် ထုတ်ပယ်ထားခဲ့သော်လည်း သူသည် အမည်နာမတမျိုးမျိုးဖြင့် ကျမ၏ ဘ၀ထဲတွင် ရှိကို ရှိနေဦးမည့်သူတဦးပင် ဖြစ်လေသည်။

ယောင်္ကျား (၃) သစ်ပင်နှင့်တူသော ယောင်္ကျား

အထက်ပါ ယောင်္ကျားများကြောင့် ချစ်ခြင်းမေတ္တာကို အယုံအကြည်ကင်းမဲ့လာသော ကျမ၏ သွေးအေးသော စိတ်နှလုံးခံစားချက်တို့ကို မေတ္တာတရား၏ ရိုးစင်းသော၊ မြင့်မြတ်သော ကိုယ်ကျင့်တရားတို့ဖြင့် ပြန်လည်နူးညံ့ရှင်သန်လာအောင် စွမ်းဆောင်နိုင်သော "သူ" သည်၊ ကျမချစ်သော လူငယ်လေးတစ်ဦးဖြစ်သည်။ သူသည် ကျမ၏အတွေးများကို လိုက်လံတွေးခေါ်နိုင်သည်။ ကျမ၏ဖြစ်ချင်လိုမှူများကို လိုက်လံဖြည့်ဆည်းပေးနိုင်သည်။ သူ၏ အလွန်တော်သော အချက်တချက်သည် ကျမ၏ မျက်လုံးများမှ တဆင့် ကျမ၏ ခံစားချက်အလုံးစုံကို ကျမမပြောပဲ သိနှင့်နိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ သူသည် ကျမ၏ ဘ၀တွင် သစ်ပင်ကဲ့သို့ အေးမြသော အရိပ်ကို ပေးနိုင်သော၊ သစ်ပင်ကဲ့သို့ ခိုလှူံရာလုံခြုံမှူကို ပေးနိုင်သော၊ အကယ်သာ ထိုသစ်ပင်သည် အသီးသီးနိုင်သော အပင်တပင်သာ ဖြစ်ခဲ့မည်ဆိုလျှင် ကျမ၏တသက်တာအတွက် စားစရာ၊ နေစရာပြည့်ဝသော ကျမအမြဲနေချင်မည့် သစ်ပင်တပင် ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။ အသက်အရွယ်နှင့် အချိန်ကာလ အပိုင်းအခြားတခုအရ ကျမ၏ လက်တွေ့ဆန်သော တွေးခေါ်မှူများထဲတွင် "အချစ်" ဆိုသည့်အရာသည် အရောင်မှိန်မှိန်မသွားဖို့ကိုလည်း ကျမ၏သစ်ပင်လေးက စွမ်းဆောင်နိုင်လိမ့်မည်ဟု ကျမယုံကြည်ပါသည်။

ယောင်္ကျား (၄) ရေစီးနှင့် တူသော (၀ါ) တာဝန်ဆန်သော ယောင်္ကျား

"နင်တို့ ယူကြတော့လေဟာ၊ နင်တို့ချစ်ခဲ့တာပဲ အချိန်တွေ ကြာလှပြီ၊ ၁၀ နှစ်တောင် ကျော်ပြီမဟုတ်လား၊ ဒီခေတ်ကြီးမှာတော့ စံချိန်တော်တော်ချိုးနေပြီနော်"

ကျမက ရီရီမောမော တိုက်တိုက်တွန်းတွန်းပြောပေမယ့်လည်း ကျမသူငယ်ချင်း၏ ချစ်သူ၊ ကျမနှင့်လည်း သူငယ်ချင်းဖြစ်သူ "သူ"ကတော့ ရင်မောသော လေသံဖြင့်

"အေးဟာ၊ နင့်သူငယ်ချင်းက သူ့မိဘတွေကို မလွန်ဆန်နိုင်တာပါ၊ သူတို့ဘက်က ငါ့ကို သဘောမတူထားတာလဲ မဟုတ်၊ အိမ်လဲ ၀င်ထွက်နေတာပဲ၊ ငါ့သဘောထားလဲ သူတို့သိနေတာပဲဟာ၊ အိမ်မ၀ယ်နိုင်သေးတာ ၊ ဟိုတယ်မှာ မင်္ဂလာမဆောင်နိုင်တာနဲ့ပဲ ငါတို့က မယူရတော့ဘူးတဲ့လား"

"အေးလေ… အန်တီတို့က ဟုတ်လဲ ဟုတ်တာပါပဲ၊ ဒါဆိုလဲ ခိုးပြေးဟာ"

ကျမက ဘယ်လိုပင်အရွှန်းဖောက်ပေမယ့် သူကတော့

"နင့်သူငယ်ချင်း ဆရာမက ဒီအသက်ဒီအရွယ်ရောက်မှ သူ ဒီလိုမလုပ်ချင်ဘူးတဲ့လေ၊ င့ါဘက်ကတော့ ရှင်းပါတယ်၊ သူက ငါ့အပေါ် စကြိုက်ကထဲက ကောင်းခဲ့တာ၊ ရဲဘော်ရဲဘက်လို ငါ့ဘက်က အမြဲရပ်တည်ပေးခဲ့တာ၊ အဲဒီစိတ်လေးတခုပဲကျန်တော့တယ်၊ အခုချိန်မှာ ချစ်တာတွေ ၊ မေတ္တာတွေလဲ ခမ်းခြောက်ကုန်ပြီ ထင်ပါရဲ့၊ ဒီလောက်အကြာကြီးလက်တွဲခဲ့ပြီးမှ သူတို့ဘက်က သဘောထားသေးနေရင် သူတို့မိန်းကလေးရှင်ပဲ နစ်နာမှာ၊ ငါက မယူလို့လဲ ဘာမှမဖြစ်ဘူး၊ ယူဆိုလည်း ယူလိုက်ရုံပဲ၊ သူက ငါ့အပေါ်ကောင်းခဲ့တာကို ငါ ပြန်ထောက်ရမယ်လေ၊ ငါ သူ့ကို ဘာပဲဖြစ်ဖြစ် ယူရမယ်လို့ ဆုံးဖြတ်ထားပြီးသားကိုးးးးး "

ရင်မောစွာဖြင့် ကြားနာခဲ့ရတဲ့ စကားတခုပါပဲ။ ကျမ၏ သူငယ်ချင်းသာ ကြားမည်ဆိုလျှင် အတော်ပင် ၀မ်းနည်းမည့် စကားပင်ဖြစ်သည်။ မိန်းမတယောက်သည် ယောင်္ကျားတယောက်က ကိုယ့်ကို ချစ်မြတ်နိုး၊ မည်သို့မျှ အဆုံးအရှူံးမခံနိုင် ကိုယ့်ကိုလက်ထပ်လိုသည်ဟုပဲ ဖြစ်ချင်ကြကြောင်း ကျမကောင်းစွာ သဘောပေါက်သည်။ သူသည်ရေစီးကဲ့သို့ အစဉ်အမြဲ စီးဆင်းနေမည်ဖြစ်သော်လည်း ရေစီးရေလာ ကောင်းသောနေရာ တမျိုး၊ အတားအဆီး အပိတ်အပင်ရှိသော နေရာ တဖုံ၊ အချိန်အခါ၊ နေရာဒေသအလိုက် ရေအား အနည်းအများကွာဟမည်ဖြစ်သော်လည်း စီးဆင်းမြဲ စီးဆင်းနေပေလိမ့်မည်။

ယောင်္ကျား (၅) ချစ်တတ်သော ယောင်္ကျား

အမျိုးသားများသည် အိမ်ထောင်သက် သက်တမ်းကြာမြင့်လာသည်နှင့်အမျှ (သို့) ချစ်သက်တမ်း ကြာလာသည်နှင့်အမျှ သံယောဇဉ်သက်သက်ဖြင့်သာ ရှေ့ဆက်လေ့ရှိကြပြီး ရင်ခုန်နွေးထွေးမှူများ လျော့ပါးလာတတ်သည်ဟု ကျမကိုယ်တွေ့ရော ၊ ပတ်ဝန်းကျင်အသိပေးအရပါ သိနားလည်ထားခဲ့သည်။ ထို့ကြောင့် အိမ်ထောင်သက်တမ်း ၁၀ နှစ်ကျော်မျှ ကြာမြင့်ပြီဖြစ်သော ကျမ၏ လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးအား

"အခုချိန်မှာ၊ အကို့အမျိုးသမီးကို အကို ချစ်သေးလား လို့ ကျမမေးရင် အကို အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံး ဖြေပေးနိုင်မလားဟင်"

ကျမမေးခွန်းကြောင့် ရုတ်တရက် သူပြုံးသည်။ ပြီးနောက် "ချစ်တယ်၊ ကျွန်တော် ချစ်တယ်" ဟု မဆိုင်းမတွပင် ပြန်ဖြေသည်။ ကြားကြားချင်းတော့ ကျမ သူ့အဖြေကို ယုံကြည်မှူ ၅၀% ရာခိုင်နှူန်းမျှပင် ရှိမည်ဟု ကျမကိုယ် ကျမသိသည်။ ကျမ၏ လူတယောက်ကို အလွယ်တကူ မယုံကြည်တတ်သော စိတ်ကြောင့်ပင် ဖြစ်မည်ထင်သည်။

" ကျွန်တော်က အိမ်ထောင်ရေးမှာ ညှိလို့မရဘူးထင်တဲ့ ကစ္စတွေကို ညှိနှိုင်းလေ့မရှိဘူး၊ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အသက်အရွယ်ကွာဟမှူအရ အတွေးအခေါ်မတူညီတာတွေရှိမယ်၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအရ နေထိုင်မှူစတိုင်လ် မတူညီတာတွေရှိမယ်၊ အဲလို မတူတာတွေကို မတူ၊တူအောင်လိုက်ညှိယူရင် တဦးမဟုတ်တဦးက ပင်ပန်းဆင်းရဲခံရလိမ့်မယ်၊ အဲဒီအတွက် ကျွန်တော်တို့က အဲလိုမတူတာတွေကို အကန့်တခုမှာ သတ်သတ်လေးဖယ်ထားပြီး အရေးကြီးတဲ့ ဘ၀ရဲ့ အစိတ်အပိုင်းလေးတွေအတွက်သာ နှစ်ယောက်လုံး ရည်ရွယ်ရှင်သန်ကြတယ်၊ ကျွန်တော်တို့ သားသမီးလေးတွေအတွက် ကျွန်တော်တို့နှစ်ယောက်က တယောက်ကိုတယောက်ချစ်တတ်ဖို့လိုတယ် လို့ ကျွန်တော်တို့ခံယူထားကြတယ်။ အဲ့ဒီအတွက် ကျွန်တော်၊ ကျွန်တော့်အမျိုးသမီးကိုချစ်တယ်၊ သူလည်း ကျွန်တော့်ကို ချစ်တယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်"

သူရဲ့ စကားအရှည်ကြီးအဆုံးမှာ ကျမ သူ့ရဲ့အဖြေကို ရာခိုင်နှုန်းပြည့် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါတယ်။ ဒါဟာ သူလက်တွေ့ကျင့်သုံးနေတဲ့ သူ့ရဲ့အာဘော်ဖြစ်ကောင်းဖြစ်နိုင်သလို၊ ကျမကို အတွေးတွေ အများကြီးတာသွားစေတဲ့ စကားများလဲဖြစ်ပါတယ်။ ကျမကိုယ်ကျမ မလုံမလဲပြန်မေးကြည့်မိတယ်။

"ကျမသစ်ပင်လေးကို ကျမချစ်တာတော့ သေချာပါတယ်၊ ဒါဆို ကျမချစ်တတ်ပြီလား လို့ ထပ်မေးကြည့်တယ်။ "

ကျမစိုးရိမ်သွားမိတယ်…… ဘာကြောင့်လဲဆိုတော့ ကျမအဖြေက မသေချာမှူတွေများနေတယ်လေ။

ကျမအတွက်အတုယူသင့်တဲ့ နည်းလမ်းတွေလည်း ဖြစ်တဲ့အတွက် သူ့ကို ကျမစိတ်ထဲကနေ ကျေးဇူးတင်လိုက်တယ်…။

ဟုတ်တယ်…. လူတယောက်ကို ချစ်တယ်ဆိုတာ လွယ်ပါတယ်။ အစဉ်အမြဲ ချစ်နေဖို့သာလျှင် ခက်တာပါ။

"ယောင်္ကျားတွေအကြောင်း" လို့ ခေါင်းစဉ်တပ်ပြီးကျမရေးလိုက်ပေမယ့် ကျမပေးချင်တဲ့ အဓိပ္ပါယ်ကို စာဖတ်သူတွေက သိကောင်းသိနိုင်ကြပေမယ့် စာဖတ်တတ်သူတွေကတော့ သိကိုသိပါလိမ့်မယ်။ ဘယ်လိုယောင်္ကျားမျိုးဟာ ကျမတို့မိန်းမသားတွေအတွက် လက်ခံသင့်သလဲ၊ ဘယ်လိုယောင်္ကျားတွေက ကျမတို့တွေ လက်မခံသင့်ဘူးလဲ ဆိုတာကို ကျမရဲ့ စာဖတ်သူ ညီမလေးတွေ သုံးသပ်နိုင်ပါစေ၊ ကိုယ့်ဘေးနားမှာ ရှိတဲ့ အမျိုးသားလေးတွေကိုလဲ ခေါင်းစဉ်တပ်ကြည့်ပါ။ ပယ်သင့်ရင် ပယ်၊ ၀ယ်သင့်ရင် ၀ယ် (လက်ဝယ်ပိုင်ပိုင်ထားရှိတာကို ဆိုလိုတာပါ) ရအောင်နော်…..


Good Idea











သူငယ်ချင်းဖတ်ဖို့

(၁) "ငါ မဆိုးဘူး" လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။

(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်
ပေးနေတာပဲ။

(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့
စေတယ်။

(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အ
ရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါ
တယ်။

(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့
တကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။

(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်
ပေးလိမ့်မယ်။

(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။

(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမား
တယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်
အောင် သေးငယ်တယ်။

(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီး
နောက် မရပ်နားဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီး
နောက် နောင်တ မရဖို့ပါပဲ။

(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။

(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်
ပွားလိမ့်မယ်။

(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။

(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှ
ပိုတန်ဖိုး ထားတတ်တယ်။

(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင်
မဖြစ်စလောက်လေးပါ။

(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့
နိုင်းရင် မ
ဖြစ်စလောက်လေးပါ။

(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။

(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။

(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်
ရမယ်လို့ မပြောနိုင်ပါဘူး။

(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်း
ပါပဲ။

(၂၂) လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ "အမှားကိုများ လုပ်လိုက်မိပြီလား" လို့
အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။

(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်
လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။

(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်
ချင်းရှိတော့မှာ မဟုတ်ဘူး။

(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။

(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်
များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)

(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်
တော့မှ ရှိတော့မှာ မဟုတ်ဘူး။

(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်း
ကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။

(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။
လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။

(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

FunnY Posts

လူမထွက်ဘူး

ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ

ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။

ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။

ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။

ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။


အချစ်ရဲ့ ကံခေမှူ

အမျိုးသမီး နှစ်ဦးစကားပြောနေကြသည်..။
(ပ) အမျိုးသမီး။ ။ " ကျွန်မယောက်ျားကတော့ တစ်လျှောက်လုံး ကံခေ ခဲ့တာပါ။
သူ့ ကို သဂြိုဟ်ခါနီး မှာတောင် သူကံလိုက်လာသေးတယ် "
(ဒု) အမျိုးသမီး။ ။ " ဘယ်လိုပါလိမ့် "
(ပ) အမျိုးသမီး။ ။ " ဒီလိုပါ၊ သူ့ ကို မြေမြုပ်ဖို့ တွင်းတူးတော့
ရေနံကြောကို ထိသွားတယ်လေ "

နောက်ဆုံးဆန္ဒ

"ခင်ဗျားရဲ့ရောဂါ အခြေအနေကတော့ သိပ်ပြီးဆိုးနေပြီဗျ ။ အဲဒီတော့
ကျူပ်အနေနဲ့ ရှင်းရှင်းပဲပြောရတော့မှာပဲ.. ခင်ဗျားရဲ့ရောဂါဟာ
ကုလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားမသေခင် ဘယ်သူ့ကိုတွေချင်သလည်း"

ဆရာဝန်က လူနာကိုဒဲ့ဒိုးပြောလိုက်ရာ လူနာက ယခုလိုပြန်ပြောသည်။

"ကျွန်တော်တွေ့ချင်တာတော့ ဆရာ့ထက်သာတဲ့ တစ်ခြားဆရာဝန်တစ်ယောက်နဲ့
တွေ့ချင်တာပါပဲ ဆရာရယ်.."ဟူ၏။


အဖိုးတန်ထမင်းချက်

မိန်းမ ။ မောင်ရေ .. လက်ရှိထမင်းချက်ကိုတော့ ဖြုတ်ပစ်မှပဲ.. သူချက်တိုင်း
ဟင်းတွေတူးတာချည်းပဲ။

ယောက်ျား၊။ ဖြုတ်တော့ မဖြုတ်ပစ်ပါနဲ့ကွာ။ အရံထားပါ .. နောက်တစ်ယောက်သာ ထပ်ပြီးငှား။

မိန်းမ။ အို . ထမင်းချက် နှစ်ယောက်ကြီးများတောင် ဘာလုပ်ဖို့လည်းမောင်ရဲ့။

ယောက်ျား၊ ညအိပ်ညနေလာတဲ့ ဧည့်သည်လာရင် အခုလက်ရှိထမင်းချက်ကို
အချက်ခိုင်းရတာပေါ့ကွာ။ ဒါမှ ကြာကြာမတည်းမှာ။

ပိန်ဆေး

"ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်"
"တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ"
ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"


သစ္စာဖေါက်ရပုံ
ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမက ရှင်းပြနေသည်။
"ပိန်ချုံးပြီး ထမင်းဆာနေတဲ့ လူတစ်ယောက် ရောက်လာတယ်၊ ကျွန်မ သူ့ကို
သနားသွားတယ်၊ ဒါနဲ့ သူ့ကို ရေချိုးခိုင်းပြီး အစာကျွေးလိုက်တယ်၊
အ၀တ်အစားလည်း ဆင်ပေးလိုက်တယ်။ သူက ကျေးဇူးတင် စကားပြောတယ်၊ တစ်ဆက်တည်းက
အစ်မကြီးရဲ့ ယောက်ျား အသုံးမပြုတဲ့ ပစ္စည်းရှိသလားလို့ မေးတယ်။ အဲဒီမှာ
ရှင်ကျွန်မရဲ့ ကိုယ်ခန္ဓာကို အသုံးမပြုတာ ကြာပြီပဲလို့ သတိရလိုက်တယ်"


ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ


"ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ"
"ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား"
"ဟင့်အင်း"
"အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး"




ဒါကဒီလိုရှိပါတယ်။

မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာမအားပေးလိုက်ရာ ဆရာမက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်

"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။"

မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်

"သြော် ကျွန်တော်ရေးတာပါဆရာမ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။"

ဆရာမကရော ကျွန်တော့် အဖေ လက်ရေးမှန်း ဘယ်လိုသိလဲ မသိဘူးနော်...

စိတ္တဇ ဟာသများ (၄)

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။

လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောက်နေသည်။
ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။

လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။

"ဟေ့ကောင်.......မင်းဆင်းမှာလာ
း..မဆင်းဘူးလား..ငါ
ပစ်လိုက်မှာနော်.."

"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."

"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူးဆရာ...မဆင်းဘူး"

ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ
အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က

အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး

"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."

"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."

ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ
့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."

ဗေဒင်ဆရာ

ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။

မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ

ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ။ ။ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို

ထင်နေတယ်ပေါ့လေ။

စိတ္တဇ ဟာသများ (၁)

စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့
လူနာတွေကို ပြန်လွတ်ပေးဖို့  စဉ်းစာကြပါတယ်။ အဲဒီမှာ သူတို့ 

ဟာစမ်း သပ်မှုတစ်ခု လုပ်ကြပါတယ်။ Video ပြစက်ရှေ့မှာ ရှိတဲ့
ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတိုကို Video ပြပါတယ်။ ဘယ်သူကများ
ဆေးသုတ်တာကို သိမလဲ လို စမ်းသပ်ပါတယ်။ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့်
လူတစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်

ပါတယ်။ ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန့် ခင်း
ပြီးမှထိုင်တယ်။ ဆရာဝန်တွေက ဒီလူတော့ရောဂါပျောက်သွား ပြီဆိုပြီး အိမ်ကို
ပြန်

လွတ်လိုက်ပါတယ်။ အိမ်ရောက်တော့ သူမိန်းမ ကမေးတယ်။

"ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား ,
ဘယ်လိုလုပ်သိတာလဲ"

"ဘာတွေလာပြောနေတာလဲ...ငါကအရပ်ပုလို့ 
ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာဟ..."

သင့်မှာဘယ်လိုအကျင့်စရိုက်တွေရှိသလဲ

၂၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ၀င်းကိုကို တင်ပြတာ ဖြစ်ပါတယ်။


ကျနော့်အနေနဲ့က ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတဲ့ ဗေဒင်ပဲ ယုံပါတယ်။ ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။ ဒီဟာလေးကို ကျနော့် မွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့ အားလုံးကိုလည်း share လုပ်လိုက်တာပါ။

ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက် တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။


၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။


၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။


၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။


၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။


၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။


၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။


၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

မောင်..

>
> အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို
> ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
> ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...
>
> သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအကျီင်္
> အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
> သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။
>
> ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ
> စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....
>
> သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
> ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။
>
> သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။
> မြွေမြေါချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့
> အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။
>
> ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။
> အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
> ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ
> ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ
> နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။
>
> ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။
>
> ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
> မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။
>
> @@@@@@@@@@@@@@@@@@@@@@@@@@
>
> ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့
> ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်
> နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
> တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။
> မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့
> မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......
>
> ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်
>ိကို ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ
> မောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့....
>
> ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ
> ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။
>
> မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ
> တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။
>
> "ဟိတ်...တို့ကို တခုကူညီပါလား"
>
> မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ
> ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
> လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊
>
> ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သီအောင် ဖွင့်ပြောရမယ်။
>
> "မောင်"
>
> အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို
> အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက်
> စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။
>
> မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။
> မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။
>
> "ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"
>
> မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့
> မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................