Monday, January 12, 2009

ဖတ်မိသမျူ ဟာသလေးတွေ ပို့ လိုက်ပါတယ်.......

နင်.ကို ငါ အလုပ်ထုတ် တယ်
ကျွန်တော် ရဲ. အားထားရတဲ. အတွင်းရေးမှူး ၀န်ထမ်းမ လေး ကို ပြီးခဲ.တဲ. အပတ်က အလုပ်ထုတ် ပစ်ခဲ.ပါတယ်။ ဇာတ်လမ်းက ဒီလိုဗျ။ ပြီးခဲ.တဲ. အပတ်က ကျွန်တော်. အသက် ၄၀ ပြည်. မွေးနေ.ပေါ.ဗျာ။ ဒီတော. ထိုနေ. မနက်စောစောထ ပြီး အိမ်အောက်ဆင်း ရင် မိန်းမ က "Happy Birthday" လို.ပြောတာ ကြည်နူးမယ် ပြီးတော. အနည်းဆုံးလက်ဆောင်တခုခု ကို လက်ခံမယ် ဆိုတဲ. ခံစားချက်နဲ.ပေါ.ဗျာ။ တကယ်တမ်းကျတော. သူမ က ကျွန်တော. ကို ဂရုတောင် မစိုက်ပဲ မီးဖိုချောင်ထဲမှာ အလုပ်ရူပ် နေပါတယ်။ အင်း ငါ.မှာ ကလေးတွေ ရှိသေးတာပဲ သူတို.ကို ဒီအသက်အရွယ် ရှိ ကျွေးမွေး လာမှ တော. ငါ.ကို "ံHappy Birthday Daddy" တော. ပြောကောင်းပါတယ်။ ဟာ… ကလေးတွေလဲ ကျွန်တော. ကို ဂရုမစိုက်ပဲ မနက်စာ ပဲ ငုံ.စား နေခဲ.တယ်လေ။

ဒီလိုနဲ. စိတ်ပျက်လက်ပျက်နဲ. ရုံးကိုသွားခဲ.ပါတယ်။ ရုံးတံခါးလဲ ဖွင်.ကော

အတွင်းရေးမှူး က "Good Morning ဆရာ၊ ဒါနဲ. ကနေ. က ဆရာ.မွေးနေ.နော်။" ဟာ ဒီတော. ကျွန်တော် အလွန်အံ.အားသင်.သွားခဲ.ပြီး "ဟုတ်တယ် ကွယ်." ဆိုပြောခဲ.တယ်။
ရုံးဆင်းချိန်လဲ ရောက်ရော အတွင်းရေးမှူး ကောင်မလေး က တံခါးခေါက်ကာ

အတွင်းရေးမှူး - ဆရာ ကနေ. ဟာ အရမ်းကို မင်္ဂလာရှိတဲ. နေ.ပဲ၊ နောက်ပြီးဆရာ.ရဲ. မွေးနေ.လဲ ဖြစ်နေတော. ညစာ ထွက်စားရအောင်လား။
ကျွန်တော် - ဟာ ကောင်းတာပေါ.ကွ။လာ သွားကျမယ်။

ဒီလိုနဲ. စားသောက်ဆိုင်ရဲ. သီးသန်. အခန်းထဲမှာ ၂ယောက်တည်း စကားတွေ တ၀ပြီးပြောရင်း အရက်ကလေး သောက်ရင်း စားသောက်ခဲ.ကျပါတယ်။ အဲ.နောက်တော. သူမကို အိမ်ပြန်ပို.ပေးမယ် လို. ပြောလိုက်တော.သူမက "ဆ၇ာ သမီး အခန်းကို လိုက်ခဲ.ပါလား။ ဒီနားလေးမှာပဲ။" ဆိုတော. လိုက်သွားခဲ.တယ်။ သူမ ထပ်တောင်းဆိုပြန်ပါတယ်။ "ဆရာ အခန်းထဲထိ လိုက်ခဲ.ပါနော်.. နော်… သမီးတစ်ယောက်တည်း နေတာပါ"။ ကဲ ဒီတော.လဲ အခန်းထဲသို. ထိရောက်သွားခဲ.တယ်။

ကျွန်တော်လည်း အခန်း ထဲ ရောက်ကော သူမ က "ဆရာ သမီး ရေ၀င်ချိုးလိုက်ဦးမယ် ခဏလေးစောင်.နော် " ဆိုပြီး အခန်းလေး တခုထဲ ၀င်သွားတယ်။ တအောင်.နေတော. သူမ က မွေးနေ.ကိတ် အကြီးကြီး ကို ကိုင်လာပြီး ကျွန်တော. မိန်းမနဲ. ကလေး တွေ က နောက်ကနေ ထွက်လာကျပါတယ်။
ဒါနဲ. ကျွန်တော်လဲ ချက်ချင်းဆိုသလိုပဲ "ဟေ. ကောင်မ နင်မနက်ဖြန် ရုံးတက်စရာ မလိုတော. ဘူး နင်.ကို ငါချက်ချင်း အလုပ်ထုတ်တယ် " ဆိုပြီး လက်ညိုး ထိုးပြီး အော်ခဲ.တယ်။

ဘာလို.လဲ ဆိုတော. ကျွန်တော် က သူမ ခုတင်ပေါ်မှ ကိုယ်တုံးလုံး ကြီး နဲ. လှဲ နေခဲ.လို.ပါပဲ။
------------------------------------------------------------------------------------------------------------------------
ခင်နဲ.မောင်
အချက်အပြုတ်..........မောင့်အလုပ်
ထင်းမီးသွေးဝယ်........မောင်ပဲကွယ်
ဆန်ဆီဆားလဲ..........မောင်ပါပဲ
ကလေးထိန်းကျောင်း..... မောင်ပဲကောင်း
အဖွတ်အလျော်.........မောင်ပဲနော်
သို့သော်...သို့သော်
အလှပြင်ဆိုင်........ခင်ပဲထိုင်
ဗိုလ်ချူပ်ဈေးသွား.....မောင်မတား
ဆလင်းဘတ်အသစ်.....ခင်အတွက်ဖြစ်
ဘာပဲပြောပြော........ခင်သဘော.....။
---------------------------------------------------------------------------------------------------------------------
အင်ဂျင်နီယာ ဆိုသည်မှာ
တစ်ခါတုန်းက အိန္ဒိယနိုင်ငံမှာ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဆီကို လူတစ်ယောက် ဆေးခန်းလာပြပါတယ်။

လူနာ။ ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော် ကိုယ့်ကိုကိုယ် ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း ဆိုင်က ဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။

လူနာ။ မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။ လူတွေကို ကျွန်တော် မကု ပါဘူး ခင်ဗျ။

လူနာ။ ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။

တိရစ္ဆာန်ဆေးကုဆရာဝန်။ မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က ကျွန်တော့် လို စကားပြောတယ်၊ ကျွန်တော့် လိုတွေးတယ်။ ဒါကြောင့် ခင်ဗျားလည်း လူပဲ လို့ ကျွန်တော် ထင်ပါတယ်။

လူနာ။ ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ် ဆရာ။ ဒါပေမယ့် ကျွန်တော် ရှင်းပြတာကို ဆရာ နားထောင်ပါဦး။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ကောင်းပြီလေ။ ပြောပါဦး။

လူနာ။ ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ် ပါတယ်။
မနက် ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။
အလုပ် ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။
အလုပ် ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။
ပြီးတော့ ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။
သူဋ္ဌေး ရှေ့မှာတော့ အမြဲတမ်း အမြှီးလေးကုပ်ထားရပါတယ်။
အားချိန်လေးများ နည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ သမီးတွေနဲ့ ကစားရပါသေးတယ်။
မိန်းမ ရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။

အဲဒီမှာ ဆရာဝန်က ဖြတ်မေးပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ခင်ဗျား အင်ဂျင်နီယာထင်တယ်။
လူနာ။ ဟုတ်ပါတယ် ဆရာ။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါများ ဗျာ ဒါတွေရှင်းပြနေရသေးတယ်။ အစ ကတည်းက ကျွန်တော် အင်ဂျင်နီယာပါ လို့ပြောလိုက်ရင် ပြီးရော။ လာလာ ခင်ဗျား ကို ကျွန်တော် ကလွဲ ရင် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး။

ယောင်္ကျားရေ မိန်းမခေါင်းကိုက်လိုက်တာ
ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ အလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီ ခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်. မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.
မိန်းမ - "ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီ ဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"
ရဲဝန်ထမ်း - "၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်"
လို. ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။
ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.သြပြီး
အရောင်းဝန်ထမ်း - "ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား"
ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို.လဲ"
အရောင်းဝန်ထမ်း - "ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"
ရဲဝန်ထမ်း - "ဟေ"

ဖေဖေသူတို့လို ၀တ်ပါလား

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။

တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။

"ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်"
"အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့"
"ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့"
"ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော"
"သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့"
"ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"လမ်းပြပုလိပ်တွေပေါ့ သားရဲ့"
"အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊ ဟုတ်လား"
"ဟုတ်တယ်ကွဲ့"
"အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ"
"ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ"

အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …

"ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့" တဲ့။

Min Ko Naing Poem

ပုံပြင်လေးတပုဒ်ပါပဲ

ပင်လယ်ပြင်မှာ ငါးဖမ်းထွက်နေတဲ့ .. တံငါသည်လေးမောင်ဖိုးပျော် ဆိုတဲ့ ကောင်လေးတစ်ယောက်....နဲ့ ငါးဖမ်းလုပ်ငန်းကိုလုပ်နေတဲ့ ကုမ္မဏီ ပိုင်ရှငိ ဦးလူကလေး . ဆိုတဲ့ ပုံပြင်ဟောင်းလေးတစ်ခုကိုပြောပြချင်တယ်..
မောင်ဖိုးပျော်က ပျော်ရွင်မှုကိုနှစ်သက်တယ်... မိဘမဲ့ တစ်ကောင်ကြွက်... ဆင်းရဲတယ်... နေ့တိုင်း ပင်လယ်ပြင်မှာ လှေငယ်လေးတစ်စီးနဲ့ ငါးဖမ်းထွက်လေ့ရှိတယ်... သူတစ်နေ့တာအတွက် ငါးလေးတွေ လေးငါးကောင်လောက်ဖမ်းပြီး ဘ၀ကိုကျေကျေနပ်နပ်နဲ့ ဖြတ်သန်းနေတဲ့ တံငါငယ်လေးတစ်ယောက်ပေါ့ ..... ဦးလူကလေး ဟာဟိုယခင်က မောင်ဖိုးပျော်လိုဘဲ ဆင်းရဲသားတံငါငယ်လေးဘ၀ ကနေနေ့တိုင်းကြိုးစားလုပ်ကိုင်ပြီး အခုတော့ ငါးဖမ်းလုပ်ငန်းကြီးတစ်ခုကို ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်နေတဲ့ သူဌေးကြီးဦးလူကလေးပေါ့.... တစ်နေ့မှာတော့ ဦးလူကလေးဟာသူရဲ့ ငါးဖမ်းသဘောင်္ကြီးနဲ့ ပင်လယ်ပြင်ကိုငါးဖမ်းထွက်လာခဲ့တယ်... ဦးလူကလေးက အလုပ်ကိုအရမ်းကြိုးစားပြီး သူရဲ့လုပ်ငန်းတွေနဲ့ သူရဲ ချမ်းသာကြွယ်ဝမှုကို တိုးပွားအောင် အမြဲ ကြိုးစားနေတာပေါ့.. ဒါကြောင့်လည်း နေ့မအားညမအား အလုပ်လုပ်တဲ့အတွက် အရမ်းပင်ပန်းနေတာပေါ့ သူစိတ်ကိုသူကျေနပ်အောင် သူမစွမ်းဆောင်နိုင်သေးဘူး... သူသင်္ဘောပေါ်မှာ အတွေးတွေအများကြီးနဲ့ ရွက်လွင့်လာခဲ့တယ်... အဲ့ဒီအချိန်မှာဘဲ တံငါသည်မောင်ဖိုးပျော်ရဲ့ လှေငယ်လေး တစ်စီးကိုတွေ့သွားတယ်... မောင်ဖိုးပျော်ဟာ လှေငယ်လေးပေါ်မှာ ဇိမ်ကျကျ အိပ်နေတယ်.... ဦးလူကလေးက မောင်ဖိုးပျော်ကိုတွေ့တော့ သူတော်တော်စိတ်ညစ်သွားတယ်.... သူကမောင်ဖိုးပျော်ကိုပြောတယ်
ဦးလူကလေး။ ။မင်းဘာတွေလုပ်နေတာလဲ
မောင်ဖိုးပျော်။ ။ကျွှန်တော်အနားယူနေတာပါ။
ဦးလူကလေး။ ။မင်းက ဘယ်ကလဲ
မောင်ဖိုးပျော်။ ။ကျွှန်တော် ညောင်ပင်သာရွာက တံငါသည်မောင်ဖိုးပျော်ပါ။
ဦးလူကလေး၊ မင်းက အခုငါးမမျှားဘဲနဲ့ဘာလို့အနားယူနေတာလဲ။
မောင်ဖိုးပျော်။ ။ကျွှန်တော် ငါးမျှားပြီးသွားပါပြီ။ကျွှန်တောပုံမှန်မျှားနေကြငါး လေးငါးဆယ်ကောင်ရလို့ အနားယူနေတာပါ။
ဦးလူကလေး။ ။မင်းကလည်းငါးတွေနောက်ထက်ထက်မျှားပေါ့ကွ ဒါမှမင်းလှေကလေးသေးသေးကလေးကနေ လှေကြီးကြီးနဲ့ငါးဖမ်းနိုင်မှာပေါ့ကွ။
မောင်ဖိုးပျော်။ ။လှေကြီးကြီးရတော့ရော ဘာဖြစ်လို့လဲ။
ဦးလူကလေး။ ။ဟာမင်းကလဲ လှေကြီးကြီးရတော့ ငါးအများကြီးဖမ်းပြီး ပိုက်စံအများကြီး ရတာပေါ့ကွ။
မေင်လူကလေး။ ။ပိုက်ဆံအများကြီးရတော့ရော ဘာလုပ်လို့ရလို့လဲ။
ဦးလူကလေး။ ။မင်းကလည်းပိုက်ဆံတွေအများကြီးရတော့ ငါလိုမျိုး ချမ်းချမ်းသာသာနဲ့နေရတာပေါ့ကွ။လုပ်ငန်းတွေအများကြီးတိုးချဲ့လို့ရတာပေါ့။
မောင်ဖိုးပျော်။ ။အဲ့ဒီလိုမျိုးချမ်းသာတော့ရော ဘာထက်ဖြစ်မှာလဲ။
ဦးလူကလေး။ ။ဟာမင်းကလည်းအဲ့ဒီလိုချမ်းသာတော့ နားနားနေနေ နေလို့ရတာပေါ့ကွ
...................................................................................
အဲ့ဒီလိုပြောလိုက်တော့ မောင်ဖိုးပျော်က ပြန်ပြောလိုက်တယ်...... "ကျွှန်တော်လည်း ဘာလုပ်နေတယ်ထင်လို့လဲ.....ကျွှန်တော်လည်း နားနားနေနေနဲ့ အနားယူနေတာပါ...........

စဉ်းစားကြည့်ပါ ဘယ်သူဘက်ကရပ်တည်မလဲ......
ဘယ်လိုလူမျိုးရောဖြစ်ချင်လဲ.............
အဲ့ဒီနှစ်ယောက်ထဲက ဘယ်သူမှားတယ်လို့ထင်လဲ........
ဘယ်သူမှန်တယ်လို့ရော ထင်လဲ......................

င့ါတိုင်းပြည်လေးမှာ

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတက်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်
ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး

ဒါပါပဲ......ချစ်ရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "

တိုက်ဆိုင်လိုက်ပုံများ

တိုက်ဆိုင်လိုက်ပုံများ
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရစ်"
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။
-----------------------------------------------------------------------------------------------------------------------

အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည် အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင် အဂ်လိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။ အတူ လိုက် ပါမည့် ဘာသာပြန် သူမှ "ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊ How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you. လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က mee too လို့ ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်
မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)
ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည် ဟာသနှောလိုက်သည်) Well, I am Hilary' husband, and you?har har.
မိုရီ။ ။ Me too, har har har
-------------------------------------------------------------------------------------------------------------------------
လွဲ ချက်ကနာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကို အူ တို့သုံး ဦး အား ရာဇဝတ် မှု ဖြင့် သေဒဏ် ပေး ရန် ပြင်ဆင် နေသည်။အစောင့်ဖြစ်သူ က ကိုဖြူအား အချုပ်ကားတွင်းမှ ပထမ ဆုံး ခေါ်ထုတ်လာ သည်။ ထို့ နောက် အရာရှိဖြစ်သူက သေနတ်သမား အား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)
အရာရှိ- "Ready",'Aim".
ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'
လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး လွတ်မြောက်သွားသည်။
နောက် ကိုကြူအလှည့်
အရာရှိ-- 'Ready', 'Aim'
ကိုကြူ- 'Tornado!'
ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူ လည်း ထွက် ပြေး လွတ်မြောက်သွားပြန်သည်။
နောက်ဆုံး ကိုအူ့အလှည့်
အရာရှိ-' Ready', 'Aim'
ကိုအူ လည်း ကျန်လူများ ကို အတုယူ၍ အော်လိုက် ပုံ က "Fire!"

ပေါ့ပေါ့ပါးပါးပြုံး

ခံနေလို့ဖြစ်မလား

ရုပ်ရှင်ရုံအ၀င်ဝမှာအမျိုးသမီးကြီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုက်လို့
ဘာဖြစ်လို့ရိုက်ရတာလဲ
မိုက်ရိုင်းလို့ပါ..ကျွန်မ၀ယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။

အထင်နဲ့အမြင်
ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့
ထိုးကလိနေရတာလဲ..
နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ
ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ
ဟင်းစောစောကပြောရောပေါ့ဒေါက်တာရယ်ကျည်ဆံကကျွန်တော့်
အိတ်ကပ်ထဲမှာဗျ..

အိပ်တော့အိပ်ပါတယ်
ဆရာဝန်။ ။ ဘယ့်နှယ့်လဲကျွန်တော်ညွှန်ကြားတဲ့အတိုင်း
အိပ်တဲ့အခါပြတင်းပေါက်တွေကိုပိတ်ပြီးအိပ်ရဲ့လား..
လူနာ။ ။အိပ်ပါတယ်ဆရာ..ဒါပေမယ့်ရုံးသူရုံးသားတွေအားလုံးက
အိုက်လို့မှောင်လို့ဆိုပြီးကျွန်တော့်ကိုပူညံပူညံပြောကြတယ်..

သူ့လက်ရာ
ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ
ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်


ဒီနေ့ပို့မယ့်နေရာ...
လူတစ်ယောက်ကခြင်္သေ့တစ်ကောင်နဲ့အတူမြို့ထဲမှာလမ်းလျှောက်လာကိုရဲသားကမြင်တော့
'''ဟေးး..ခင်ဗျားအဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့သင့်တယ်…'''
''ဟုတ်ကဲ့''
နောက်ရက်မှာလည်းအဲ့လူကိုမြို့လယ်ခေါင်မှာခြင်္သေ့နဲ့အတူတွေ့ပြန်ရော…
ဒီတော့ရဲသားက
'''ဟေးလူ ခင်ဗျားကိုကျုပ်မနေ့က ပြောတယ်လေ..အဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့ဖို့'''
''ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ရုပ်ရှင်ရုံလိုက်ပို့မယ်စိတ်ကူးမိလို့…''


ပလုံ
ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..
ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း
ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''


ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"


ကြိုက်တာဝယ်စားး..
အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး
ရောက်ရှိလာပြီးစုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
"ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်
အပုပ်တွေရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာ
တွေကျွေးမှုအတွက်ဒဏ်ငွေရိုက်ရပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာပြန်သော်နောက်ထပ်လူကြီးလူကောင်းတစ်ယောက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ
ရောစပ်ပြီးကျွေးပါတယ်...
အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့
လူဦးရေလေးပုံတစ်ပုံလောက်နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှခင်ဗျားကခြိုးခြံမှု
မရှိဘဲဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက်ခင်ဗျားကိုဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျာ
တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်တယ်..


ကျူးလွန်မိမှာစိုးလို. အဲ့...

Q : ဒါနဲ.ဲ့..နေပါအုန်း..နေပါအုန်း...
A : နေပါတယ်..
Q : မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...
A : သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ ပါးလုံအောင်လို.ပါ...
Q : ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက် တာ မဟုတ်ဘူးလား..
A : ဘဲနဲ. ချိုးဖောက်ရမှာလဲ..
Q : ဗျာ..
A: အေ့..။ တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လို. သူများကိုလိမ်ဖို.မပြောနဲ.ကို.ရှာအလုံးကြီးကို
ုပြန်မကိုက်မိအောင်လို. မနဲ ထိန်းထားရတယ်....အေ့...။
Q : အေ့!
A : မအေ့နဲ. တချို.ဆို အမူးလွန်းပြီး အမှန်တိုင် ပြောမိလို. ကျွှဲခိုးပေါ်တာ ရှိသေး..အေ့။
Q : အဲ့!
A : မ အဲ့ နဲ. အုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ.
ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို.
ပျောက်ရတာအကြိမ်ကြိမ်...အေ့။
Q : ဟင်!
A : မဟင်နဲ.အုန်း..ကျန်သေးတယ်...သူတပါးအသက်သက်ဖို.မပြောနဲ.
ကိုယ်ဘာသာကို မရပ်နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။
Q : သြော်!
A : မသြော်နဲ.မပြီးသေးဘူးသူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်ခြံထဲမှာ အိပ်နေတာ ကိုယ်. ဖင်ထဲကို
မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။
Q : မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရ
မလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံးမှ.....။

မိဘနဲ့ သားသမီး ကြားကမေတ္တာ

ကိုလူလှတစ်ယောက် တစ်နေ့ကမှ ၀ယ်ထားသည့် ကားသစ်ကလေးကို တသသနှင့်
အိမ်ရှေ့ကွက်လပ်ထဲ၌ ရေဆေးကာ သန့်ရှင်းရေးလုပ်နေစဉ် သူ၏
လေးနှစ်အရွယ်သားကလေး မောင်လှသည် အိမ်ထဲမှ ပြေးထွက်လာပြီး ကျောက်ခဲတစ်တုံး
ကောက်ကိုင်ကာ မပြောဆိုနှင့် ကားဘေးတလျှောက် ဟိုခြစ်ဒီခြစ် ခြစ်လေသည်။

ကားအသစ်စက်စက်လေးကို ကြည့်မ၀ဖြစ်နေသည့် ကိုလူလှခမျာ
သားဖြစ်သူ၏လုပ်ရပ်ကြောင့် ဒေါသအကြီးအကျယ်ထွက်ပြီး
ဆော့လွန်းသည့်ကလေးလက်များကို နီးရာဖြင့် ကောက်ရိုက်လေသည်။ ကိုလူလှမှာ
ဒေါသကြောင့် ရိုက်နေသော်လည်း သူ့လက်ထဲတွင် ကိုင်ထားသည့်အရာမှာ
တုတ်ချောင်းမဟုတ်ဘဲ ဂွရှင် တချောင်းဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။

မောင်လှလေး၏ လက်ချောင်းများမှာ ဂွရှင်ဖြင့် ကြိမ်ဖန်များစွာ
ရိုက်နှက်ခံထားရသည်ဖြစ်ရာ အရိုးများကြေမွကုန်ပြီး ဆေးရုံတွင်
လက်ချောင်းလေးများ အကုန်ဖြတ်တောက်ကုသရသည်အထိ အဖြစ်ဆိုးခဲ့လေသည်။

မောင်လှလေးက မျက်ရည်များစို့နေသော သနားစဖွယ်မျက်နှာငယ်လေးနှင့်
ဖခင်ဖြစ်သူကိုကြည့်ပြီး "ဖေဖေ သားလက်ချောင်းလေးတွေ ဘယ်တော့
ပြန်ထွက်လာမှာလဲဟင်"ဟု မေးရာ ကိုလူလှမှာ ရင်ထဲတွင်
ထိခိုက်လွန်းလှသောကြောင့် စကားပင် ပြန်မပြောနိုင်ဖြစ်နေခဲ့ရသည်။

ထိုနေ့ အိမ်ပြန်ရောက်သောအခါ ကားအသစ်ကို သားအတွက်ဒေါသဖြစ်ဖြစ်နှင့်
အတန်ကြာ ကန်ကျောက်နေခဲ့သည်။ မောလောက်ပြီဆိုတော့မှ
ကားဘေးမျက်ခင်းပြင်ပေါ်တွင် ခြေကုန်လက်ပန်းနှင့် ထိုင်ချလိုက်သည်။
ထိုင်နေလျက်နှင့် သားခြစ်ဆွဲထားသည့် ကားဘေးနေရာကို လှမ်းကြည့်လိုက်တော့မှ
"အဖေ့ကို သားချစ်တယ်" ဆိုသည့် မောင်လှလေး ကျောက်ခဲဖြင့်
ခြစ်ထားသည့်စာများကို အံ့သြဖွယ်ရာ တွေ့လိုက်ရလေသည်။...........

အချစ်ဆိုတာ

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။

ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။


အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။ ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။ ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။ ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။ ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။ အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။ ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

သူငယ်ချင်းလည်း အချစ်စစ်ကိုရှာဖွေတွေ့ရှိနိုင်ပါစေ....။ ။

လက်ဆင့်ကမ်းလိုက်

ဟိုး လွန်ခဲ့သော ၁၁ နှစ်ခန့်က ကြည့်ခဲ့သော အင်္ဂလိပ် ရုပ်ရှင်တစ်ကားကို
မှတ်မှတ်ရရ ဖြစ်မိတယ်။ ကားနံမည်လေးကတော့ Good will hunting ဖြစ်ပြီး
အော်စကာဆုတောင် ရရှိခဲ့ပါတယ်။ ခု ပြောချင်တာကတော့ အဲဒီ ရုပ်ရှင်လေးထဲက
စာသားလေးတစ်ခုပါ။ အဲဒီစာသားလေးကတော့ `pay it forward´ တဲ့။ အဲဒီစာသားလေးကို
အရမ်းသဘောကျပါတယ်။ မြန်မာပြည်က ရောက်လာတာ မကြာသေးတဲ့
အမကြီးတစ်ယောက် ရှိပါတယ်။ သူ ဒီကိုရောက်ရောက်လာခြင်း အသိတစ်ယောက်မှ မရှိတော့
အလုပ်ရှာတာက အစ ကျွန်မကိုယ်တိုင်ပဲ လိုက်ရှာပေးရပါတယ်။ သူက ကျွန်မကို
အရမ်းကျေးဇူးတင်တယ်လို့ ခဏ ခဏ ပြောပါတယ်။ ဒါပေမယ့် ကျွန်မက `အမရေ ကျွန်မကို
ကျေးဇူးတင်နေမယ့် အစား အသစ်ရောက်လာတဲ့ လူတစ်ယောက်ကို အမသိသလောက် တတ်သလောက်ကလေး
ပြောပြရင် သူအတွက် အကျိုးရှိသွားမှာ´လို့ ပြန်ပြောလိုက်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း အဲဒီ `pay it forward´ စကားလေးကို
တော်တော်သုံးဖြစ်ခဲ့ဘူးပါတယ်။



များသောအားဖြင့် မြန်မာလူမျိုးတွေဟာ ကျေးဇူးခံ၊ ကျေးဇူးစား ဆိုတဲ့ စကားကို
တော်တော်လေး သုံးကြပါတယ်။ `ငါလုပ်ပေးလိုက်လို့ သူဒီလိုဖြစ်လာတာ။ ခု အဆင်ပြေတော့
ငါ့ကိုတောင် အဖက်မလုပ်ဘူး´ ဆိုပြီး တစ်ခါလောက် ကူညီဖူးခဲ့တဲ့ ကျေးဇူးကို
တစ်သက်လုံး ပြောမကုန်အောင်တင်တော့တာပါပဲ။ ကျွန်မတို့ အိမ်မှာ နေတဲ့
အမကြီးတစ်ယောက် ရှိပါတယ်။ သူကကျွန်မကို အမြဲပြောဖူးတယ်။ ကိုယ်တိုင်လုပ်လို့
ရတဲ့ အလုပ်တွေကို သူများကို အကူအညီ မတောင်းပါနဲ့တဲ့။ တောင်းလိုက်လို့ ရတဲ့
အကူအညီဟာ ဘ၀ တစ်သက်လုံးမှာ ဆပ်လို့ မကုန်ဆုံးနိုင်တော့ဘူးတဲ့။ ပိုက်ဆံနဲ့
ပေးလို့ရတဲ့ ကိစ္စတွေကို ပိုက်ဆံပေးပြီး လုပ်ခိုင်း လိုက်ရတာဟာ ပိုပြီး
ကိစ္စပြတ်တယ်လို့ ပြောပါတယ်။ ပိုက်ဆံပေးလိုက်တော့ ကိုယ်လည်း စိတ်ထဲမထင့်တော့
ဘူး။ သူကိုလည်း ကျေးဇူးတင်နေစရာ၊ အားနာနေစရာ သိပ်မလိုတော့ပါဘူး။ သူလည်း
သူ့တန်ရာ တန်ကျေးရသောကြောင့် ကျေးဇူးခံ၊ ကျေးဇူးစားဆိုတဲ့ စကားသံ ထွက်လာစရာ
အကြောင်းမရှိတော့ပါဘူးတဲ့။ ပထမ အဲဒီစကားသံ ကြားလိုက်ရတော့ ကျွန်မတော်တော်
အံဘြသွားတယ်။ မြန်မာလူမျိုးဖြစ်ပြီးတော့ အဲလိုစိတ်ထားတယ်ပေါ့။ ဒါပေမယ့်
အဲဒီစကားဟာ တော်တော်လေးကို မှန်ကန်ကြောင်း လူများများနဲ့ ပေါင်းကြည့်တဲ့ အခါမှာ
သိလာပါတယ်။



မနေ့တုန်းက ကျွန်မ အစောကြီး အလုပ်သွားရတယ် ။ အိပ်ခြင် မူးတူးနဲ့ ဆင်းရမဲ့
ကားကိတ်ကို ခလုတ်မနှိပ်လိုက်မိတဲ့အတွက် ကားကမရပ်ပဲ ဆင်းရမဲ့မှတ်တိုင်
ကျော်သွားပါတယ်။ ကျွန်မလည်း ပူထူသွားတယ်။ အိပ်ချင်စိတ်တောင်
ဘယ်တွေရောက်သွားမှန်း မသိဘူး။ အလုပ်ကလည်း နောက်ကျတော့မယ်။ လမ်းလျှောက်ဘို့ကလည်း
တော်တော် ဝေးတယ်။ ဘစ်ကားပြန်ဆီး ဘို့ကလည်း တစ်ဘက်လာတဲ့ ဘစ်ကားကို မတွေ့ဘူး။
တော်တော်ကိုစိတ်ညစ်သွားတယ်။ နောက် မထူးတော့ပါဘူး။ ဆောင်းမနက်ခင်းမှာ ကျန်းမာရေး
ဖြစ်အောင် ပြေးမယ်ဆိုပြီး စိတ်ဆုံးဖြတ်လို့ ပြေးပါတော့တယ်။ အဲဒီအချိန်မှာ တက်စီ
တစ်စီးက ဘေးနားမှာ ထိုးစိုက်လာပါတယ်။ ပြီးတော့ ဘယ်သွားမလို့လည်း
သူလိုက်ပို့ပေးမယ်တဲ့။ ကျွန်မကလည်း ကြောင်တောင်တောင်ဖြစ်သွားတယ်။ ငါလည်း
မတားပဲနဲ့ ဘာလို့လာရပ်တာလည်းလို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် ကားသမားက
အလကားလိုက်ပို့ပေးမယ် တက်ပါဆိုပြီးပြောတယ်။ ကျွန်မလည်း အလကားဆိုပြီး ဟိုရောက်မှ
ပိုက်ဆံအတင်းတောင်းရင် ဒုက္ခဆိုပြီး အတင်း ငြင်းတာပေါ့။ ဒါပေမယ့် ကားသမားက `မင်း
ဘာပိုက် ဆံမှပေးစရာမလိုဘူးလို့ ပြောတယ်။ ကျွန်မလည်း အလုပ်ချိန်
အရမ်းနီးနေတာနဲ့ပဲ တက်လိုက်ခဲ့ပါတယ်။



ကားပေါ်ရောက်တော့ ကားသမားက သူအရင် တက်စီ မမောင်းခင်တုန်းကလည်း အလုပ်ကို
အမြဲနောက်ကျတတ်သူ ဖြစ်တဲ့ အကြောင်း ကျွန်မလိုပဲ အမြဲပြေးနေရကြောင်း ဒါကြောင့်
ကျွန်မဘ၀ ကိုသူစာနာ ကြောင်း လုံးစိပတ်စိ ပြောပြနေပါတယ်။ ကျွန်မလည်း အဲဒီတော့မှ
ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒီလိုနိုင်ငံကြီးတွေမှာ အလကားဆိုတာ တယ်ရှားတာကိုး။
အားလုံးနီးပါး ပိုက်ဆံ ပေးမှရတာဆိုတော့ ခုသူရှင်းပြမှ သဘောပေါက်တော့တယ်။ သူက
ကျွန်မကို အလုပ်ဂိတ်ပေါက်ဝ အထိ ချပေးပါတယ်။ ကျွန်မလည်း သူကို ကျေးဇူးတင်ကြေင်း
အထပ်ထပ်ပြောမိတယ်။ ဒါပေမယ့် သူပြန်ပြီးပြောတဲ့ စကားတစ်ခွန်းဟာ ဘ၀မှာ တစ်သက်လုံး
မှတ်သားလောက်စရာပါပဲ။ မင်း ငါ့ကို ဘာမှ ကျေးဇူးတင်စရာမလိုပါဘူး။ တကယ်လို့များ
မင်း တတ်နိုင်ရင် ငါမင်းကို ကူညီခဲ့သလို မင်းတစ်ခြားတစ်ယောက်ကို ပြန်လည်
ကူညီလိုက်ပါ။ အဲဒါဟာ ငါ့ကို ကျေးဇူးဆပ်လိုက်တာပဲတဲ့။ `pay it forward´
(လက်ဆင့်ကမ်းလိုက်) ပေါ့တဲ့။ ကျွန်မ အလုပ်သာ လုပ်နေရတယ် အဲဒီစကားလေးတစ်ခွန်းကို
စဉ်းစားလို့ မဆုံးသေးဘူး။ အော်... ဒီကမ္ဘာကြီးမှာ အဲလို လူမျိုးတွေသာ
များပြားခဲ့ရင် ကမ္ဘာကြီးဟာ ဘယ်လောက် အေးချမ်းမလည်း။

လူ့ဘ၀၏ ၆ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား
ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်
မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ
ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့
အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်
ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို
မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို
ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ
မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့။