ယောင်္ကျား (၁) ဘောစေ့ကြွေသွားသော မှင်နီဘောလ်ပင်တချောင်းနှင့်တူေ
ကျမပထမဦးဆုံးပြောမည့် ထိုယောင်္ကျားသည် ကျမတသက်တာတွင် ပထမဦးဆုံးကြုံတွေ့ခဲ့ရသော သူစိမ်းယောင်္ကျားတစ်ဦး (သို့) ကျမ၏ အချစ်ဦးအကြောင်း ဖြစ်သည်။ သူသည် အတ္တကြီးသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှူလွန်ကဲသည့်အတွက် အမှန်နှင့်အမှား တပြိုင်နက်တည်းကြုံလာသောအခါ အတ္တစိတ်ဖြင့် ဆုံးဖြတ်တတ်သည်။ ချုပ်ချယ်သည်။ စိတ်ဆတ်သည်။ တော်ရုံနှင့်လဲ စိတ်မပြေပျောက်တတ်၊ သူနှင့်အတူ ရှိနေသည့်အခါ စိတ်ကျဉ်းကျပ်မှူကို အမြဲတစေ ခံစားခဲ့ရသော်လည်း မည်သည့်အခါမျှ ကျမ မငြိုငြင်တတ်ခဲ့။ သူ၏ သ၀န်တိုမှူများသည် သံသယမှ စတင်သည့်အခါ သ၀န်ကြောင်မှူ အဖြစ်သို့ ရောက်ရှိသွားတတ်သည်။ သူ၏ သ၀န်တိုမှူများနှင့် တိုင်းတာသော တားမြစ်မှူများကို ကျမက ဇွတ်ဖန်တီးသောအခါ၊ သူက ကျမကို စကားနားမထောင်တတ်သူ၊ ခေါင်းမာတတ်သူအဖြစ် ထင်မြင်တတ်သည်။ သူ၏သ၀န်တိုမှူများက ကျမကို ဘောင်ကျဉ်းစေလွန်းသည့်အခါ သူ့ကို အနိုင်ကျင့်သူ ကိုယ်ချင်းမစာတတ်သူတစ်ယောက်အြ
ယောင်္ကျား (၂) Correction Pen နှင့်တူသော ယောင်္ကျား
သူသည်ကား ကျမ၏ဘ၀တွင် မည်သို့မျှ ဖျက်မရသော အမည်းစက် ထင်ကျန်ရစ်စေသူ (၀ါ) ကျမ၏ လင်ယောင်္ကျားဖြစ်သည်။ အိမ်ထောင်ရေးအဆင်မပြေမှူများကို မိန်းမတယောက်၏ ညံ့ဖျင်းမှူအဖြစ် ကျမခံယူ၍ ရသော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှူတစ်ခု (သို့) လှူမှူရေးစည်း၊ မိသားစုစည်းများအား မစောင့်စည်းနိုင်သော သူ့ကို ကျမ မည်သို့မျှ အထင်ကြီး၍မရတော့သည့်နောက်ပိုင်း သူနှင့်ကျမ၏ လက်တွဲမှူသည် ကြာရှည်မမြဲခဲ့ပေ။ အိမ်ထောင်တခုအား ငွေကြေးအားဖြင့်လည်း မတည်ဆောက်နိုင်၊ ချစ်ခြင်းမေတ္တာအားဖြင့်လည်း ပေးရ ယူရကောင်းမှန်းမသိသော ထိုလူနှင့် ကျမ၏ ပတ်သက်မှူသည် အမှားတစ်ခုကို Correction Pen ဖြင့် မည်မျှပင် သပ်ရပ်အောင်ဖျက်စေကာမူ အမှားရာသည် ရှိမြဲရှိနေမည်ဖြစ်သည်။ သူ့ကို ကျမဘ၀ထဲက မည်သို့ပင် ထုတ်ပယ်ထားခဲ့သော်လည်း သူသည် အမည်နာမတမျိုးမျိုးဖြင့် ကျမ၏ ဘ၀ထဲတွင် ရှိကို ရှိနေဦးမည့်သူတဦးပင် ဖြစ်လေသည်။
ယောင်္ကျား (၃) သစ်ပင်နှင့်တူသော ယောင်္ကျား
အထက်ပါ ယောင်္ကျားများကြောင့် ချစ်ခြင်းမေတ္တာကို အယုံအကြည်ကင်းမဲ့လာသော ကျမ၏ သွေးအေးသော စိတ်နှလုံးခံစားချက်တို့ကို မေတ္တာတရား၏ ရိုးစင်းသော၊ မြင့်မြတ်သော ကိုယ်ကျင့်တရားတို့ဖြင့် ပြန်လည်နူးညံ့ရှင်သန်လာအောင် စွမ်းဆောင်နိုင်သော "သူ" သည်၊ ကျမချစ်သော လူငယ်လေးတစ်ဦးဖြစ်သည်။ သူသည် ကျမ၏အတွေးများကို လိုက်လံတွေးခေါ်နိုင်သည်။ ကျမ၏ဖြစ်ချင်လိုမှူများကို လိုက်လံဖြည့်ဆည်းပေးနိုင်သည်။ သူ၏ အလွန်တော်သော အချက်တချက်သည် ကျမ၏ မျက်လုံးများမှ တဆင့် ကျမ၏ ခံစားချက်အလုံးစုံကို ကျမမပြောပဲ သိနှင့်နိုင်စွမ်းရှိခြင်းပင်ြ
ယောင်္ကျား (၄) ရေစီးနှင့် တူသော (၀ါ) တာဝန်ဆန်သော ယောင်္ကျား
"နင်တို့ ယူကြတော့လေဟာ၊ နင်တို့ချစ်ခဲ့တာပဲ အချိန်တွေ ကြာလှပြီ၊ ၁၀ နှစ်တောင် ကျော်ပြီမဟုတ်လား၊ ဒီခေတ်ကြီးမှာတော့ စံချိန်တော်တော်ချိုးနေပြီနော်"
ကျမက ရီရီမောမော တိုက်တိုက်တွန်းတွန်းပြောပေမယ့်
"အေးဟာ၊ နင့်သူငယ်ချင်းက သူ့မိဘတွေကို မလွန်ဆန်နိုင်တာပါ၊ သူတို့ဘက်က ငါ့ကို သဘောမတူထားတာလဲ မဟုတ်၊ အိမ်လဲ ၀င်ထွက်နေတာပဲ၊ ငါ့သဘောထားလဲ သူတို့သိနေတာပဲဟာ၊ အိမ်မ၀ယ်နိုင်သေးတာ ၊ ဟိုတယ်မှာ မင်္ဂလာမဆောင်နိုင်တာနဲ့ပဲ ငါတို့က မယူရတော့ဘူးတဲ့လား"
"အေးလေ… အန်တီတို့က ဟုတ်လဲ ဟုတ်တာပါပဲ၊ ဒါဆိုလဲ ခိုးပြေးဟာ"
ကျမက ဘယ်လိုပင်အရွှန်းဖောက်ပေမယ့် သူကတော့
"နင့်သူငယ်ချင်း ဆရာမက ဒီအသက်ဒီအရွယ်ရောက်မှ သူ ဒီလိုမလုပ်ချင်ဘူးတဲ့လေ၊ င့ါဘက်ကတော့ ရှင်းပါတယ်၊ သူက ငါ့အပေါ် စကြိုက်ကထဲက ကောင်းခဲ့တာ၊ ရဲဘော်ရဲဘက်လို ငါ့ဘက်က အမြဲရပ်တည်ပေးခဲ့တာ၊ အဲဒီစိတ်လေးတခုပဲကျန်တော့တယ်၊ အခုချိန်မှာ ချစ်တာတွေ ၊ မေတ္တာတွေလဲ ခမ်းခြောက်ကုန်ပြီ ထင်ပါရဲ့၊ ဒီလောက်အကြာကြီးလက်တွဲခဲ့ပြီးမှ သူတို့ဘက်က သဘောထားသေးနေရင် သူတို့မိန်းကလေးရှင်ပဲ နစ်နာမှာ၊ ငါက မယူလို့လဲ ဘာမှမဖြစ်ဘူး၊ ယူဆိုလည်း ယူလိုက်ရုံပဲ၊ သူက ငါ့အပေါ်ကောင်းခဲ့တာကို ငါ ပြန်ထောက်ရမယ်လေ၊ ငါ သူ့ကို ဘာပဲဖြစ်ဖြစ် ယူရမယ်လို့ ဆုံးဖြတ်ထားပြီးသားကိုးးးးး "
ရင်မောစွာဖြင့် ကြားနာခဲ့ရတဲ့ စကားတခုပါပဲ။ ကျမ၏ သူငယ်ချင်းသာ ကြားမည်ဆိုလျှင် အတော်ပင် ၀မ်းနည်းမည့် စကားပင်ဖြစ်သည်။ မိန်းမတယောက်သည် ယောင်္ကျားတယောက်က ကိုယ့်ကို ချစ်မြတ်နိုး၍၊ မည်သို့မျှ အဆုံးအရှူံးမခံနိုင်၍ ကိုယ့်ကိုလက်ထပ်လိုသည်ဟုပဲ ဖြစ်ချင်ကြကြောင်း ကျမကောင်းစွာ သဘောပေါက်သည်။ သူသည်ရေစီးကဲ့သို့ အစဉ်အမြဲ စီးဆင်းနေမည်ဖြစ်သော်လည်း ရေစီးရေလာ ကောင်းသောနေရာ၌ တမျိုး၊ အတားအဆီး အပိတ်အပင်ရှိသော နေရာ၌ တဖုံ၊ အချိန်အခါ၊ နေရာဒေသအလိုက် ရေအား အနည်းအများကွာဟမည်ဖြစ်သော်လည်း စီးဆင်းမြဲ စီးဆင်းနေပေလိမ့်မည်။
ယောင်္ကျား (၅) ချစ်တတ်သော ယောင်္ကျား
အမျိုးသားများသည် အိမ်ထောင်သက် သက်တမ်းကြာမြင့်လာသည်နှင့်အမျှ (သို့) ချစ်သက်တမ်း ကြာလာသည်နှင့်အမျှ သံယောဇဉ်သက်သက်ဖြင့်သာ ရှေ့ဆက်လေ့ရှိကြပြီး ရင်ခုန်နွေးထွေးမှူများ လျော့ပါးလာတတ်သည်ဟု ကျမကိုယ်တွေ့ရော ၊ ပတ်ဝန်းကျင်အသိပေးအရပါ သိနားလည်ထားခဲ့သည်။ ထို့ကြောင့် အိမ်ထောင်သက်တမ်း ၁၀ နှစ်ကျော်မျှ ကြာမြင့်ပြီဖြစ်သော ကျမ၏ လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးအား
"အခုချိန်မှာ၊ အကို့အမျိုးသမီးကို အကို ချစ်သေးလား လို့ ကျမမေးရင် အကို အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံး ဖြေပေးနိုင်မလားဟင်"
ကျမမေးခွန်းကြောင့် ရုတ်တရက် သူပြုံးသည်။ ပြီးနောက် "ချစ်တယ်၊ ကျွန်တော် ချစ်တယ်" ဟု မဆိုင်းမတွပင် ပြန်ဖြေသည်။ ကြားကြားချင်းတော့ ကျမ သူ့အဖြေကို ယုံကြည်မှူ ၅၀% ရာခိုင်နှူန်းမျှပင် ရှိမည်ဟု ကျမကိုယ် ကျမသိသည်။ ကျမ၏ လူတယောက်ကို အလွယ်တကူ မယုံကြည်တတ်သော စိတ်ကြောင့်ပင် ဖြစ်မည်ထင်သည်။
" ကျွန်တော်က အိမ်ထောင်ရေးမှာ ညှိလို့မရဘူးထင်တဲ့ ကိစ္စတွေကို ညှိနှိုင်းလေ့မရှိဘူး၊ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အသက်အရွယ်ကွာဟမှူအရ အတွေးအခေါ်မတူညီတာတွေရှိမယ်၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအရ နေထိုင်မှူစတိုင်လ် မတူညီတာတွေရှိမယ်၊ အဲလို မတူတာတွေကို မတူ၊တူအောင်လိုက်ညှိယူရင် တဦးမဟုတ်တဦးက ပင်ပန်းဆင်းရဲခံရလိမ့်မယ်၊ အဲဒီအတွက် ကျွန်တော်တို့က အဲလိုမတူတာတွေကို အကန့်တခုမှာ သတ်သတ်လေးဖယ်ထားပြီး အရေးကြီးတဲ့ ဘ၀ရဲ့ အစိတ်အပိုင်းလေးတွေအတွက်သာ နှစ်ယောက်လုံး ရည်ရွယ်ရှင်သန်ကြတယ်၊ ကျွန်တော်တို့ သားသမီးလေးတွေအတွက် ကျွန်တော်တို့နှစ်ယောက်က တယောက်ကိုတယောက်ချစ်တတ်ဖို့လို
သူရဲ့ စကားအရှည်ကြီးအဆုံးမှာ ကျမ သူ့ရဲ့အဖြေကို ရာခိုင်နှုန်းပြည့် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါတယ်။ ဒါဟာ သူလက်တွေ့ကျင့်သုံးနေတဲ့ သူ့ရဲ့အာဘော်ဖြစ်ကောင်းဖြစ်နို
"ကျမသစ်ပင်လေးကို ကျမချစ်တာတော့ သေချာပါတယ်၊ ဒါဆို ကျမချစ်တတ်ပြီလား လို့ ထပ်မေးကြည့်တယ်။ "
ကျမစိုးရိမ်သွားမိတယ်…… ဘာကြောင့်လဲဆိုတော့ ကျမအဖြေက မသေချာမှူတွေများနေတယ်လေ။
ကျမအတွက်အတုယူသင့်တဲ့ နည်းလမ်းတွေလည်း ဖြစ်တဲ့အတွက် သူ့ကို ကျမစိတ်ထဲကနေ ကျေးဇူးတင်လိုက်တယ်…။
ဟုတ်တယ်…. လူတယောက်ကို ချစ်တယ်ဆိုတာ လွယ်ပါတယ်။ အစဉ်အမြဲ ချစ်နေဖို့သာလျှင် ခက်တာပါ။
"ယောင်္ကျားတွေအကြောင်း" လို့ ခေါင်းစဉ်တပ်ပြီးကျမရေးလိုက်ေ
No comments:
Post a Comment